ငပုတော ဇွန် ၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့ဝင်(၂) ဦးသန်းဦးတို့သည် ဇွန် ၆ ရက်နေ့ နေ့လယ်ပိုင်းက ငပုတောမြို့တောင်ပိုင်းရပ်ကွက်ရှိ ဘုံကျော်ဘုန်းတော်ကြီး ပညာသင်ရေးကျောင်းတွင် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး အသက်(၅)နှစ်မှ (၁၂)ကြား ကျောင်းနေအရွယ် ကလေးများအား ကိုဗစ်-၁၉ ကာကွယ်ဆေး Sinophram ထိုးနှံပေးနေမှု အခြေအနေကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့ဝင်(၂) ဦးသန်းဦးတို့သည် ဘုံကျော် ကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တ ဥုးက္ကန္ဒြသာမိ ဖူးမြော်ကြည်ညိုကြပြီးလျှင် ဆွမ်းဆန် တော်(၂)အိတ်၊ ဗလာစာအုပ်(၁၂)ဒါဇင်နှင့် လှူဒါန်းဖွယ်ရာ အဖြာဖြာတို့ကို ဆပ်ကပ်လှူဒါန်းခဲ့ ကြသည်။ ထို့နောက် ဘုံကျော်ဘုန်းတော်ကြီး ပညာသင်ရေးကျောင်းရှိ အသက် (၅)နှစ်မှ (၁၂) ကြား ကျောင်းနေအရွယ်ကလေး(၁၀၀)ဦးအား ကိုဗစ်-၁၉ ကာကွယ်ဆေး Sinophram ထိုးနှံမှူ အခြေအနေနှင့် ငပုတောမြို့တောင်ပိုင်း ရပ်ကွက်အမှတ် (၄) အခြေခံပညာမူလတန်းကျောင်း၌ အသက် (၅) နှစ်မှ (၁၂)ကြား ကျောင်းနေအရွယ် ကလေး(၁၃၉)ဦးအား ကိုဗစ်-၁၉ ကာကွယ်ဆေး Sinophram ထိုးနှံပေးမှု အခြေအနေကို သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ သည်စာသင်ကျောင်းဝန်းအတွင်း လှည့်လည်ကြည့်ရှုကာ သောက်သုံးရေကန်များထားရှိမှူ၊ ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေး၊ ကျောင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရေးနှင့် သွေးလွန်တုတ်ကွေးအန္တရာယ်မှ ကင်းဝေးစေရေးအတွက် အလေးထား လုပ်ဆောင်ရန်နှင့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ဆရာ၊ မိဘ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။
အောင်သူ(ငပုတောပြန်/ဆက်)