ကသာမြို့တွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ်၊ လက်ထောက်မူလတန်းပြဆရာ၊ ဆရာမများ လုပ်ငန်းခွင်အကြို ရက်တိုသင်တန်း စတင်ဖွင့်လှစ်

ကသာ ဇွန် ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ အောင်ဆန်းခန်းမတွင် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်၊ လက်ထောက်မူလတန်းပြဆရာ၊ ဆရာမများ လုပ်ငန်းခွင်အကြို ရက်တိုသင်တန်းကို ဇွန်လ (၇)ရက်နေ့၊ နံနက် (၉)နာရီခွဲအချိန်က  စတင်ဖွင့်လှစ်သည်။

အဆိုပါသင်တန်းကို လုပ်ငန်းခွင်တာဝန်များ စတင်ဝင်ရောက်ထမ်းဆောင်ကြမည့် ဆရာ၊ ဆရာမများအနေဖြင့် မူလတန်းပြဆရာ၊ ဆရာမများ၏ လုပ်ငန်းတာဝန်များနှင့် စည်းမျဉ်း၊ စည်းကမ်းများကို သိရှိနိုင်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းဖွင့်လှစ်ရာတွင် ကသာခရိုင်ပညာရေးမှူး ဦးကျော်ဌေးဝင်းက ဆရာ၊ ဆရာမများအနေဖြင့် စေတနာ၊ ဝါသနာ၊ အနစ်နစ်စိတ်များ ထားရှိကာ အနာဂတ်မျိုးဆက်သစ်လူငယ်များအား ထူးချွန်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း တိုက်တွန်း မှာကြားခဲ့သည်။ 

ထို့နောက် မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်ဝင်းက ဆရာ၊ ဆရာမများအနေဖြင့် ကျောင်းသား၊ ကျောင်းသူများအား သင်ကြားမည့်ဘာသာရပ်များနှင့် သင်ပြခြင်းကို ကျွမ်းကျင်ပိုင်နိုင်ကြရမည်ဖြစ်ကြောင်းနှင့် စသည်များကို ဆက်လက်အမှာစကားပြောကြားခဲ့ပြီး သင်တန်းတွင် ကြီးကြပ် (၂)ဦး၊ နည်းပြ (၄)ဦးနှင့် သင်တန်းသား၊ သင်တန်းသူ (၅၁)ဦး တက်ရောက်ကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

နေခ(ပြန်/ဆက်)