ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံအသက်(၁၉)နှစ်အောက် အမျိုးသားဘောလုံး ပြိုင်ပွဲကျင်းပ

ဘားအံ ဇွန် ၇

၂၀၂၂ ခုနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၁၉) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ယနေ့မွန်းလွဲ ၃ နာရီခန့်က ဘားအံမြို့အောင်သံလွင်အားကစားကွင်း၌ ကျင်းပသည်။

ဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ဘေားလုံးအားကစားနည်းဖြင့် မိမိတို့မြို့နယ်၊ ပြည်နယ်၊ နိုင်ငံ၏ဂုဏ်ကိုဆောင်နိုင်သူများဖြစ်ကြစေလိုကြောင်း၊ ယခုပြိုင်ပွဲမှထူးချွန်ထက်မြက် သည့်အားကစားသမားများကိုရွေးချယ်၍နေပြည်တော်တွင်ကျင်းပမည့် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၉)နှစ်အောက် ဘောလုံးပြိုင်ပွဲသို့သွားရောက်ယှဉ်ပြိုင်စေမည်ဖြစ်ကြောင်း၊‌ရွေးချယ်ခံ ရသောအားကစားသမားများအနေဖြင့် မိမိတို့၏ဘောလုံးအားကစားစွမ်းဆောင်ရည်ဖြင့် ကရင်ပြည်နယ်၏ ဂုဏ်ကိုမြှင့်တင်ပေးနိုင်ကြသူများဖြစ်ကြစေလိုကြောင်းပြောကြားပြီး ပြိုင်ပွဲအားဖွင့်လှစ်ပေး သည်။

အဆိုပါပြိုင်ပွဲကို ပြည်နယ်အတွင်းရှိ မြို့နယ်(၇)မြို့နယ်မှ ပြိုင်ပွဲဝင်အသင်း(၇)သင်းဝင်ရောက် ယှဉ်ပြိုင်ကစားခဲ့ကြပြီး အဖွင့်ပွဲစဉ်အဖြစ် ကော့ကရိတ်မြို့နယ် ဘောလုံးအသင်းနှင့်လှိုင်းဘွဲမြို့နယ် ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါပွဲစဉ်တွင် လှိုင်းဘွဲမြို့နယ်အသင်းက တစ်ဂိုးဂိုးမရှိဖြင့်အနိုင်ရရှိခဲ့ကြောင်း သတင်းရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)