ရေတာရှည်မြို့နယ်တွင် စာဖတ်ဝိုင်းကျင်းပပြုလုပ်

ရေတာရှည် ဇွန် ၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက် ၁၁ နာရီအချိန်က စာရေးဆရာတက်တိုးရေးသားသည့် စာဖတ်စည်းစိမ်စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးဆုစံက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ အကျိုးကျေးဇူးနှင့်ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး (Book Club)အဖွဲ့ဝင် ဦးမြင့်ဦးက မင်းကိုယ်မင်းပြန်ကြည့်စမ်းပါ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ (Woman Club)အဖွဲ့ဝင် မနွေးနွေးမှ သူရဲဘောနည်းသူ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ (Book Club) အဖွဲ့၀င်ဒေါ်တင်မြင့်က အလှကျန်ခဲ့သည် ခေါင်းစဉ်ဖြင့်လည်းကောင်း တက်ရောက်လာသူများက ခေါင်းစဉ်အသီးသီးဖြင့် ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။

အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ရခြင်းကြောင့် စာဖတ်သူများအနေဖြင့် စာရေးဆရာများ၏ အတွေ့အကြုံများ၊ အသိပညာတို့ကို ရရှိသည့်အပြင် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကိုလည်း ပိုမိုသိရှိနားလည်လာကာ စာဖတ်နှုန်းများ ပိုမိုတိုးတက်လာစေရန် ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း သိရသည်။

ရေတာရှည် (ပြန်/ဆက်)