ညောင်တုန်းမြို့နယ်တွင် သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် တောင်သူများနှင့် တွေ့ဆုံဆွေးနွေး

ညောင်တုန်း ဇွန် ၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းရှိ စိုက်ပျိုးမြေများတွင် သီးနှံစိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် ရွာသစ်ကျေးရွာအုပ်စုတို့ရှိ တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယနေ့နံနက် ၉နာရီအချိန်က မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲရုံး ခန်းမ၌ ပြုလုပ်ခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် မြို့နယ်သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး​ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးက ၂၀၂၂-၂၃ခုနှစ်၊ နွေစပါး၊ မိုးစပါး၊ ဆောင်းသီးနှံနှင့် နေကြာ စိုက်ပျိုးဧကလျာထားချက်နှင့် အထွက်တင်းများမှန်ကန်မှုရှိစေရေး၊ အခြားနည်းခွင့်ပြုမှု မရရှိမီမစိုက်ပျိုးဘဲထားရှိသည့်ဧကများ မရှိစေရေးစသည့် အကြောင်းအရာများကို ဆွေးနွေး ပြောကြားပြီး မြို့နယ်သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြှင့်မားရေး​ ကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များမှ သီးနှံစိုက်ပျိုးထုတ်လုပ်ရာတွင် ဆီထွက်သီးနှံ နေကြာ စိုက်ပျိုးခြင်းသည် ပြည်တွင်းစားသုံးဆီဖူလုံ၍ ပြည်ပမှ စားအုန်းဆီတင်သွင်းမှု လျှော့ချနိုင်‌ရေး၊ ပြည်တွင်း စားသုံဆီဈေးကွက် ပိုမိုရရှိစေ‌ရေး၊ ဆီစက်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး၊ နိုင်ငံခြားငွေအသုံးပြုမှုလျော့နည်းသက်သာလာစေရေး စသည့် ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးခြင်းနှင့် ဆီထွက်သီးနှံနေကြာ စိုက်ပျိုးထုတ်လုပ်ခြင်းဆိုင်ရာ နည်းစနစ်များကို  အသိပညာပေး ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ် စားသုံးရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးအောင်လွင်က တောင်သူများ အသုံးပြုလျက်ရှိသည့် စိုက်ပျိုးရေးဆေးများနှင့် မျိုးစေ့များ ဝယ်ယူသုံးစွဲရာတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ မြို့နယ်သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး​ ကြီးကြပ်မှု‌ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးတာဝန်ခံများ၊ တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ထက်ဝေဖြိုး(ပြန်ဆက်)