သနပ်ပင်မြို့နယ်၌ ၂၀၂၂ ခုနှစ်၊ (မိုးရာသီ)သစ်ပင်စိုက်ပျိုးပွဲကျင်းပ

သနပ်ပင် ဇွန်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်ရန်ကုန်-ခရမ်း အမှတ်(၆)  လမ်းမကြီးဘေးတစ်လျှောက်၌ သစ်တောသစ်ပင်များစိမ်းလန်းစိုပြေစေရေး သစ်တောပြုန်းတီးမှုများမဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းသိမ်းနိုင်ရန် သနပ်ပင်မြို့နယ်သစ်တောဦးစီးဌာနမှ (မိုးရာသီ) သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်(၉)နာရီချိန်က ကျင်းပခဲ့သည်။

သနပ်ပင်မြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် သစ်တောသစ်ပင်များထိန်းသိမ်းခြင်းသစ်တောစိုက်ခင်းများထူထောင်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်၍ ဒေသအပူချိန်လျော့ချနိုင်စေရန်နှင့် ဂေဟစနစ်ပြုပြင်ထိန်းသိမ်းဆောင်ရွက်နိုင်စေရန် ကျွန်းပျိုးပင်(၂)၊ ငုချယ်ရီပင်(၅)မဟော်ဂနီ(၅)စိန်ပန်းပင်(၃)၊ ကျွန်းပင်၊()၊ မန်ဂျန်ရှားပျိုးပင်(၁၀၀)၊ ရေမနေ(၁၀၀)ပင် စုစုပေါင်းပျိုးပင် (၂၁၅)ကို စိုက်ပျိုးခဲ့ကြသည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်သို့ သနပ်ပင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌ဇော်လင်းထက်နှင့်အဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာမှဦးစီးအရာရှိ ဦးအောင်ဆန်းဝင်းနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ NGOများ၊ ဒေသခံများ၊ စုစုပေါင်းအင်အား(၁၀၀)ဦး တက်ရောက် ခဲ့ကြောင်း သိရသည်။

လှမိုး (ပြန်/ဆက်)