ငပုတော ဇွန် ၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်ဟင်းအိုးချောင်းကျေးရွာအုပ်စု၊ ဟင်းအိုးချောင်းကျေးရွာ၊ ရေငံ-သရက်ကုန်းအခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ယမန်နေ့ နံနက် ၉ နာရီ အချိန်တွင် အသက် (၅)နှစ်မှ အသက်(၁၂)နှစ်အထိ ကျောင်းနေရွယ်ကလေးများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinophram စတင် ထိုးနှံပေးလျှက်ရှိကြောင်းသိရသည်။
ထို့သို့ကာကွယ်ဆေးထိုးနှံရာတွင် အသက် (၅)နှစ်မှအသက်(၁၂)ထိ ကလေးများအား ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေး Sinophram ထိုးနှံပေးခြင်းမှာ ကလေးငယ်များ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး၊ ကလေးငယ်များကျန်းမာကြံ့ခိုင်၍ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးတို့ကို ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဟင်းအိုးချောင်းကျေးရွာအုပ်စု၊ ရေငံ-သရက်ကုန်း အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကျောင်းအုပ်ဆရာမကြီး ဒေါ်ချောစုစုဟန်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး မန်းကျော်သက်တို့က စီစဉ်ဆောင်ရွက်ပေးပြီး အုပ်စုနယ်မြေအပိုင် ကျန်းမာရေးဆရာမ နမ့်နွယ်နီဝင်းနှင့် မြို့နယ်ကျန်းမာရေးကြီးကြပ် (၂) ဦးရဲလင်းကျော်တို့မှ ကာကွယ်ဆေးထိုးနှံပေးခြင်း၊ မြို့နယ်ကြက်ခြေနီအသင်း(ခွဲ) ဟင်းအိုးချောင်းအုပ်စု ကြက်ခြေနီတပ်ဖွဲ့ဝင်တို့မှ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးပြီး အသက်(၅)နှစ်မှ အသက်(၁၂)နှစ်ထိ ကျောင်းနေအရွယ် ကလေး၊ ကျား(၆၀)၊ မ(၇၀) ဦးစုစုပေါင်း (၁၃၀) ဦး တို့အား ထိုးနှံပေးလျှက်ရှိကြောင်းသိရသည်။
အောင်သူ(ငပုတောပြန်/ဆက်)