သံတောင်ကြီးမြို့နယ်တွင် အသက်တစ်နှစ်ခွဲအောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးတိုက်ကျွေး

သံတောင်ကြီး  ဇွန် ၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကလေးငယ်များကျန်းမာသန်စွမ်းစေရန်နှင့် ဉာဏ်ရည်ထက်မြက်စေရန် အသက်တစ်နှစ်ခွဲအောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးတိုက်ကျွေးခြင်းကို ယနေ့နံနက်(၉)နာရီက သံတောင်ကြီးမြို့ပြည်သူ့ဆေးရုံတွင် တိုက်ကျွေးခဲ့ကြောင်း သိရသည်။

အဆိုပါပုံမှန်ကာကွယ်ဆေးတိုက်ကျွေးခြင်းကို သံတောင်ကြီးမြို့ ကျန်းမာရေးဆရာမဒေါ်မိုးမိုးခိုင်နှင့် ကျန်းမာရေးဝန်ထမ်းများက ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင်၊ ငါးမျိုးစပ်ကာကွယ်ဆေး၊ ဝက်သက်-ဂျိုက်သိုး၊ ဂျပန်ဦးနှောက်၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျော(ရိုတာ)၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ) စသည့် ကာကွယ်ဆေးများကို သံတောင်ကြီးမြို့ အသက်တစ်နှစ်အောက်ကလေးငယ်များအား တိုက်ကျွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စောမင်းသား(ပြန်/ဆက်)