ဒေးဒရဲမြို့၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လျှပ်စစ်သံဂဟေဆက်သင်တန်း ဖွင့်ပွဲကျင်းပ

ဒေးဒရဲ ဇွန် ၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက် မြင့်မားစေရန်ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လျှပ်စစ်သံဂဟေဆက် သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ()နာရီက ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်စွာမြင့်က ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေ တိုးပွားစေရေး ရည်ရွယ်၍ လျှပ်စစ်သံဂေဟဆက်သင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်၍ သင်တန်းသားများအနေဖြင့် ကြိုးကြိုးစားစား သင်ယူကြရန်နှင့် မြစိမ်းရောင်ကျေးရွာများမှ တက်ရောက်ပညာသင်ယူလျက်ရှိသူများအား သင်တန်းပြီးဆုံးပါက မြစိမ်းရောင်ချေးငွေများဖြင့် လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်နိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်​ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ဒေးဒရဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် လျှပ်စစ်သံဂဟေဆက် သင်တန်းကို ကျေးရွာ()အုပ်စုမှ သင်တန်းသား (၃၀)ဦးဖြင့် ၂၀၂၂ခုနှစ်၊ ဇွန်လ(၆)ရက်နေ့မှ စတင်၍ တစ်လကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အေဇာလင်း