ညောင်တုန်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

ညောင်တုန်း ဇွန် ၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့နံနက် ၇နာရီခွဲ အချိန်က မြို့နယ်ပြည်သူ့ဆေးရုံရှေ့တွင် အသိပညာပေးဖြန့်ဝေ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ပညာရေးဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ လူမှုရေးအသင်းအဖွဲများ ပူးပေါင်း၍  သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်‌ရေး အားလုံးပါဝင်ဆောင်ရွက်ပေး၊ သွေးလွန်တုပ်ကွေးရောဂါလက္ခဏာများ၊ သွေးလန့်သည့်လက္ခဏာများ၊ ခြင်ကျားလောက်လန်း ပေါက်ပွားသည့်နေရာများ၊ ကျောင်းများတွင် ဆောင်ရွက်ရမည့်လုပ်ငန်းများစသည့် သွေးလွန်တုပ်ကွေးရောဂါနှင့် ပတ်သက်သည့် အကြောင်းအရာများ ပါဝင်‌သော လမ်းကမ်းစာစောင်များကို အသိပညာပေး ဖြန့်ဝေခဲ့ကြောင်းသိရသည်။

ထက်ဝေဖြိုး(ပြန်ဆက်)