သာပေါင်းမြို့နယ်အတွင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့မှ မြေသြဇာအရောင်းဆိုင်နှင့် စိုက်ပျိုးရေးပိုးသတ်ဆေးအရောင်းဆိုင်များအားစစ်ဆေး

သာပေါင်း ဇွန် ၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့မှ မြေသြဇာအရောင်းဆိုင်နှင့် စိုက်ပျိုးရေးပိုးသတ်ဆေးအရောင်းဆိုင်များအား ယနေ့ ဇွန်လ ၆ ရက်နေ့ နေ့လည် ၁၁ နာရီအချိန်က လိုက်လံစစ်ဆေးခဲ့ကြသည်။

ထိုသို့စစ်ဆေးရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးမြင့်လွင်ဦးဆောင်သောအဖွဲ့ဝင်တို့က မြေသြဇာအရောင်းဆိုင်နှင့် စိုက်ပျိုးရေးပိုးသတ်ဆေးအရောင်းဆိုင်များအား တရားမဝင်ကုန်သွယ်မှုများ လျော့နည်းပပျောက်စေရန်ရည်ရွယ်၍ ဓါတ်မြေဩဇာနှင့်စိုက်ပျိုးရေးသုံး ပိုးသတ်ဆေးဝါးများ ဖြန့်ဖြူးရောင်းချခွင့်လိုင်စင်များ၊ ဆေးဝါးများသတ်မှတ်ရက်လွန် ရောင်းချခြင်းများ၊ ခွင့်ပြုအမှတ်တံဆိပ်များ၊ သိုလှောင်ထားရှိမှုအခြေအနေ၊ ကုန်ပစ္စည်းအရည်အသွေးပြည့်မီရေးတို့ကို လိုက်လံစစ်ဆေး အသိပညာပေး စီစစ်ကြပ်မတ် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်