ကန်ကြီးထောင့် ဇွန် ၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့ အခြေခံပညာအထက်တန်းကျောင်း အမျိုးသားခန်းမ တွင် ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က လူငယ်နှင့် အားကစားဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် သရုပ် ပြပွဲ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပုသိမ်ခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းစံ က လူငယ်နှင့် အားကစားဆိုင်ရာ သိကောင်းစရာများအား ကျောင်းသား၊ ကျောင်းသူများသို့ အသိပညာပေး ဟောပြောခဲ့ပြီး အားကစားသရုပ်ပြပွဲအား ဆောင်ရွတ်ပြသခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အခြေခံပညာ အထက်တန်းကျောင်းမှ ဆရာ ဆရာမများ၊ အထက်တန်းဆင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိ သည်။
မဇင်(ပြန်/ဆက်)