သာပေါင်းမြို့နယ်အတွင်းရှိ ကျောင်းအခြေပြု ကျောင်းသား၊ ကျောင်းသူ အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိရာ (၄၉၁၀)ဦး ထိုးနှံနိုင်ခဲ့

သာပေါင်း ဇွန် ၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ အခြေပြု ကျောင်းသား၊ ကျောင်းသူများ အသက်(၅)နှစ်မှ အသက်(၁၂)အထိ ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီ အချိန်မှစတင်၍ အခြေခံပညာကျောင်း(၂၅)တွင် ကျန်းမာရေးဌာနက သွားရောက်ထိုးနှံ ပေးခဲ့ကြသည်။

သာပေါင်းမြို့နယ် အခြေခံပညာကျောင်း(၂၃၉)ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း(၁)ကျောင်း၊ ကျောင်းပေါင်း(၂၄၀)ကျောင်းအား ကိုဗစ်-၁၉ ကာကွယ်ဆေးကို အသက်( ၅ နှစ် မှ ၁၂ နှစ်) ကာကွယ်ဆေးများကို ဇွန်လ (၂) ရက်မှ (၃၀)ရက်နေ့ အထိကျောင်းအလိုက် ကာကွယ်ဆေးများကို လိုက်လံထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးထိုးနှံပေးမည့် လျာထားဦးရေ(၁၇၀၂၂)ဦးရှိပြီး ဇွန်လ ၂ ရက်နေ့တွင် ကျောင်း(၂၀)က ကျောင်းသား(၆၉၁)၊ ကျောင်းသူ(၆၉၉)ဦး စုစုပေါင်း(၁၃၉၀)ဦး၊ ယနေ့ ဇွန်လ ၃ ရက်နေ့ ကျောင်း(၂၁)တွင် ကျောင်းသား(၁၀၁၇)ဦး၊ ကျောင်းသူ(၉၆၃)ဦး စုစုပေါင်း(၁၉၈၀)ဦး၊ ဇွန်လ ၆ ရက်နေ့ ကျောင်း(၂၅)တွင် ကျောင်းသား(၈၁၃)ဦး၊ ကျောင်းသူ(၇၂၇)ဦး ပေါင်း(၁၅၄၀)ဦး၊ စုပေါင်းကာကွယ်ဆေးထိုးနှံ(၄၉၁၀)ဦး ထိုးနှံပေးနိုင်ခဲ့ကြောင်းနှင့် ကာကွယ်ဆေးထိုးနှံသည့် ကျောင်းများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ခိုင်စိုး၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးအောင်ကျော်သိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်သက်နိုင်နှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက် အားပေးခဲ့ကြောင်း သိရသည်။

မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်