နတ်မောက်မြို့နယ်၊ သစ်ရာကိုင်းကျေးရွာ၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု (အခမဲ့) ဆိုင်ကယ်ပြင်သင်တန်း သင်တန်းဆင်းပွဲကျင်းပ

နတ်မောက် ဇွန် ၇

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အသက်မွေး ဝမ်းကျောင်း အထောက်အကူပြု (အခမဲ့) ဆိုင်ကယ်ပြင်သင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၉:၃၀)နာရီအချိန်ခန့်က သစ်ရာကိုင်းကျေးရွာ ရွာဦးဘုန်း​တော်ကြီး​ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန ဒု-မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးတင့်​ဇော်၀င်းက အဖွင့်အမှာစကား​ပြောကြားပြီး နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်​အေးမြသန္တာမှ ဆိုင်ကယ်ပြုပြင်ခြင်းသင်တန်းဆင်းပြီးပါက အပြင်လောကတွင် မိမိတို့ တက်မြောက်ထားသည့် ပညာဖြင့် အကျိုးရှိစွာအသုံးချနိုင်​ရေး ​​ဆွေး​နွေး​ပြောကြားပြီး သင်တန်းတွင် ထူးချွန်ဆုရရှိသူ သင်တန်းသား (၃)ဦးအား ဆုချီးမြှင့်ပေးခဲ့သည်။ ဆက်လက်၍ သင်တန်းသားများ အားလုံးကိုယ်စား  သင်တန်းသား ​မောင်နိုင်၀င်းထွန်းမှ ​​ကျေးဇူးတင်စကား​ ပြောကြားခဲ့သည်။

အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားသို့ မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာနမှ ဒု-မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးတင့်​ဇော်၀င်း၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာဒေါ်​အေးမြသန္တာနှင့် ဝန်ထမ်းများ၊ ကျေးရွာရပ်မိရပ်ဖများ၊ သင်တန်းသားများ စုစုပေါင်း (၄၀)ဦး တက်ရောက်ခဲ့​​​ကြောင်း နတ်မောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန​မှ သိရသည်။

သင်းသင်းမြတ်