အင်္ဂပူ ဇွန် ၇
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်အတွင်းရှိ အ-ထ -က (ခြောက်ရွာ)နှင့် အ-လ-က(ကျားသေ) ကျောင်းတို့၌ ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
ရှေ့ဦးစွာ ကျောင်းဆောင်သစ်များအား ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ဝန်ကြီးများနှင့် တာဝန်ရှိသူများမှ ဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးများမှကမ္ဗည်းမော်ကွန်းကျောက်စာတိုင်အား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ပြီး ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ဝန်ကြီးများနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းနှင့် အ-ထ-က (ခြောက်)ရွာ ကျောင်းဆောင်သစ်မှာ အလျား (၁၂၀)ပေ၊ အနံ(၃၀)ပေရှိ RC (၂)ထပ်ကျောင်း ဆောင်ဖြစ်ပြီး ကာလတန်ဖိုငွေ(၂၀၁. ၆၀) သိန်းကျပ်၊ Diamond Future World Co.ltd တာဝန်ယူဆောက် လုပ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် အ-လ-က (ကျားသေ)ကျောင်းဆောင်သစ်မှာ အလျား(၁၂၀)ပေ၊ အနံ(၃၀)ပေ၊ အမြင့်(၁၆)ပေရှိ RC (၁)ထပ်၊ ကာလတန်ဖိုးငွေ (၁၂၀.၉၆)သိန်းကျပ် ကုန်ကျပြီး မြတ်သောမင်းကုမ္ပဏီမှ တာဝန်ယူ ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မန်းကျော်-အင်္ဂပူ(ပြန်/ဆက်)