ဟင်္သာတ ဇွန် ၇
ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဦးဝင်းမြင့် သည်ရုံးအဖွဲ့မှူး ဦးကျော်စိုးညွန့်၊ ဟင်္သာတခရိုင် တရားသူကြီး ဒေါ်အေးအေးခိုင်တို့နှင့် အတူ ယနေ့ နံနက်ပိုင်းက ဟင်္သာတအကျဥ်းထောင်အား ကြည့်ရှုစစ်ဆေးရာ အကျဉ်ထောင် တာဝန်ခံအရာရှိက အကျဉ်ထောင်အတွင်း အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဦးဝင်းမြင့်နှင့် တာဝန်ရှိသူများသည် အကျဉ်ထောင်အတွင်း အကျဉ်းသား၊ အကျဉ်းသူ၊ အချုပ်သား၊ အချုပ်သူများ နေထိုင်သည့် အဆောင်များနှင့် စားဖို ဆောင်၊ ဆေးပေးခန်းနှင့် စာကြည့်တိုက်တို့ကို လှည့်လည်ကြည့်ရှုကာ လည်းကောင်းတို့၏ ဥပဒေပါ အခွင့်အရေးများ ရရှိခြင်းရှိ/မရှိ၊ နေရာထိုင်ခင်းသက်သာချောင်ချိမှု ရှိ/မရှိ၊ အစာအာဟာရ သင့်တင့်မျှတမှုရှိ/မရှိ၊ ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေနှင့် အသက်မွေးဝမ်းကြောင်း အတတ်ပညာသင်ကြားမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး မေးမြန်းခဲ့ပြီး လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် အကျဉ်ထောင် တာဝန်ရှိသူများ အား လမ်းညွှန်မှာ ကြားခဲ့ကြောင်း သိရသည်။
ကိုဇော်(ဟင်္သာတ)