ရေနံချောင်းမြို့နယ် ကြက်ခြေနီအသင်းခွဲအား အရေးပေါ်လူနာတင်ယာဉ် (AMBULANCE) ကားတစ်စီး ပေးအပ်လှူဒါန်း

ရေနံချောင်း ဇွန် ၇

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ရေနံချောင်း မြို့နယ် ကြက်ခြေနီအသင်းခွဲအား အရေးပေါ်လူနာတင်ယာဉ် (AMBULANCE)ကားတစ်စီး ပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက် (၇)နာရီအချိန်ခန့်က ရေနံချောင်းမြို့၊ ရွှေကြာငုံရပ်ကွက်ရှိ အလှူရှင်မိသားစု၏ နေအိမ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အရေးပေါ်လူနာတင်ယာဉ် (AMBULANCE) ကားကို ရေနံချောင်းမြို့နယ် ကြက်ခြေနီ အသင်းခွဲ၏ ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ကွယ်လွန်သူ အမိ၊ အဖနှင့် ဆွေမျိုးသားချင်းများကို ရည်စူး၍ ရေနံချောင်းမြို့၊ ရွှေကြာငုံရပ်ကွက်နေ ဒေါ်မိမိခိုင် (ကျောင်းအုပ်ဆရာမကြီး-ငြိမ်း)၏ (၇၇)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် ကုသိုလ်တော် အလှူအဖြစ် လှူဒါန်းခဲ့ခြင်းဖြစ်ပြီး အရေးပေါ်လူနာတင်ယာဉ် (AMBULANCE)ကား ပေးအပ်ပွဲအခမ်းအနားသို့ အလှူရှင်မိသားစုဝင်များနှင့်အတူ ရေနံချောင်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ဂုဏ်ထူးဆောင်နာယကကြီး ဦးကျော်ဝင်း၊ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ ဦးအေးသောင်၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးကျော်စိန်မြ၊ မြို့နယ်ကြက်ခြေနီအသင်းခွဲ ဒုတိယဥက္ကဌ ဦးတင်ကိုလွင်နှင့် အမှုဆောင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်းနှင့် အရေးပေါ်လူနာတင်ယာဉ် (AMBULANCE) ကားအလှူရှင် မိသားစုတို့အား ရေနံချောင်းမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း မြို့နယ်ကြက်ခြေနီအသင်းခွဲရုံးမှ သိရှိရသည်။

ငြိမ်းငြိမ်းအိ