ကျောင်းကုန်း ဇွန် ၇
ကမ္ဘာကြီးပူနွေးလာမှုကို ကာကွယ်ရန်နှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရေးအတွက် ပြည်သူ လူထုသို့ ပျိုးပင်များ အခမဲ့ဖြန့်ဝေခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ကျောင်းကုန်းဘိနယ် သစ်တောဦးစီးဌာနက ဦးဆောင်၍ ယမန်နေ့ မွန်းလွဲ ၁ နာရီ ၃၀ အချိန်ခန့်က သစ်ဆိမ့်ကုန်းအုပ်စု၊ သစ်ဆိမ့်ကုန်းကျေးရွာနှင့် ရေဂလုတ်အုပ်စု၊ ချောင်းဝကျေးရွာတို့၌ ကျင်းပပြုလုပ်ခဲ့ သည်။
အဆိုပါ ပျိုးပင်များ ဖြန့်ဝေပေးရာသို့ ရေကြည်မြို့နယ်သစ်တောဦးစီးဌာန၊ ကျောင်းကုန်းဘိနယ် သစ်တော ဝန်ထမ်းများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပြီး၊ ကျောင်းကုန်းမြို့နယ် သစ်ဆိမ့်ကုန်း ကျေးရွာ အုပ်စုနှင့် ရေဂလုတ်ကျေးရွာအုပ်စုများသို့ အိမ်တိုင်ရာရောက် သွားရောက်ကာ ကျွန်းပျိုးပင် (၂၀၀)ပင်၊ မန်ဂျန်ရှားပျိုးပင် (၂၀၀)ပင်နှင့် မဟော်ဂနီပျိုးပင် (၂၀၀)ပင်၊ စုစုပေါင်းပျိုးပင် (၆၀၀)ပင်တို့အား အခမဲ့ လိုက်လံဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင် ရေးတို့အတွက် ကျွန်းပျိုးပင်(၅၀၀၀)၊ မန်ဂျန်ရှားပျိုးပင်(၈၀၀၀)၊ ယူကလစ်ပျိုးပင် (၃၀၀၀)၊ မဟော်ဂနီ ပျိုးပင်(၄၀၀၀) တို့အပြင် အပိုဆောင်းပျိုးပင် (၂၀၀၀)တို့ကို ပျိုးထောင်ထားရှိပြီး လိုအပ်သည့် ပြည်သူများ ထံသို့ အခမဲ့ဖြန့်ဝေပေးခြင်းများကိုလည်းဆောင် ရွက်ပေးလျက်ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)