မြောင်းမြမြို့ ခရိုင်/မြို့နယ်ကော်မရှင်ရုံးများနှင့် အ.မ.က(ကုန်းသာ)ကျောင်း သို့ Mobile Library  Bus ဖြင့်  စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး

မြောင်းမြ ဇွန် ၆

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်တွင် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ် (Mobile Library Bus)ဖြင့် စာပေဝါသနာရှင်အများပြည်သူများ စာပေနှင့်စဉ်ဆက်မပြတ်စေရေးရည်ရွယ်၍ ယနေ့နံနက်က ခရိုင်/မြို့နယ်ကော်မရှင်ရုံးများနှင့် အ.မ.က(ကုန်းသာ)ကျောင်းသို့ မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက သုတရသစာအုပ်စာစောင်မျိုးစုံယူဆောင်၍ အိမ်တိုင်ရာရောက် စာဖတ်သူများလက်ဝယ်သို့ သွားရောက်ငှားရမ်းပေးခဲ့ကြသည်။

စာပေကိုချစ်မြတ်နိုးပြီး စာပေနှင့်မဝေးကွာလိုသူတို့ အဆင်ပြေစေရေး၊ ပြည်သူများမိမိတို့အိမ်ရှေ့အရောက် အချိန်မကုန် မပင်ပန်းစေပဲအဆင်ပြေပြေ ငှားရမ်းနိုင်ရေးနှင့် နွေရာသီကျောင်းပိတ်ရက်များတွင် ကလေးငယ်များ အချိန်ကိုအကျိုးရှိစွာ စာပေလေ့လာနိုင်ရေးတို့အတွက် Mobile Library Bus ဖြင့် ကျေးရွာများအရောက် စာအုပ်စာစောင်များ ငှားရမ်းပေးရခြင်းဖြစ်သည်။

ထိုသို့စာအုပ်များငှားရမ်းပေးရာတွင် ဝတ္ထု၊ မဂ္ဂဇင်း၊ ရုပ်ပြနှင့် အသိပညာဗဟုသုတများစွာ ရရှိမည့် သုတ/ရသစာအုပ် စာစောင်များ စုံလင်စွာငှားရမ်းပေးခဲ့ပြီး ငှားရမ်းပေးခဲ့သော စာအုပ်များကို ရက်သတ္တနှစ်ပတ်လျှင် တစ်ကြိမ်လဲလှယ် စနစ်ဖြင့်ငှားရမ်းပေးသွားမည်ဖြစ်သည်။

 

မြောင်းမြခရိုင်ပြန်ဆက်