ဓနုဖြူမြို့နယ်၌ မိုးစပါးမြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် (ပိုက်ဆံလျှော်) မြေခံထည့်သွင်းပွဲ အခမ်းအနားကျင်းပ

ဓနုဖြူ ဇွန် ၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ နန်းတော်ကုန်းကျေးရွာအုပ်စု ဧက(၁၀၀)၊ တင်း(၁၀၀)စံပြကွက်တွင် ယမန်နေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးမြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် (ပိုက်ဆံလျှော်) မြေခံထည့်သွင်းပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။

အခမ်းအနားတွင် ဓနုဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးချစ်ဝင်းနိုင်မှ သစ်စိမ်း မြေသြဇာ (ပိုက်ဆံလျှော်) ထည့်သွင်းခြင်းဖြင့် ရရှိသည့်အကျိုးကျေးဇူးများနှင့် မြေဆီလွှာ၏ ဂုဏ်သတ္တိများ ပြောင်းလဲလာပြီး၊ ဓါတ်မြေသြဇာ လျော့ချသုံးစွဲနိုင်ပြီး အထွက်နှုန်းတိုးတက်စေ ကြောင်း ရှင်းလင်းတင်ပြဆွေးနွေးခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး အောင်ချိုဦး၊ အဖွဲ့ဝင် (၂) ဦးစိန်မောင်ဝင်းနှင့် မြို့နယ်စိုက်တိုးမြှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ နန်းတော်ကုန်းကျေးရွာ အုပ်စုမှ တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)