ပိုင်ကျုံ ဇွန် ၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှအသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအားကျန်းမာသန်စွမ်းပြီးကျန်းမာရေး၊လူမှုရေးကိစ္စရပ်များဆောင်ရွက်ရာတွင်အထောက် အကူပြုစေရန်ရည်ရွယ်၍ လူမှုရေးပင်စင်ထောက်ပံ့ငွေများအား အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများထံ လက်ဝယ်အရောက် ယမန်နေ့က ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ပိုင်ကျုံမြို့တွင် ရပ်ကွက်(၅)ရပ်ကွက်နှင့်ကျေးရွာအုပ်စု(၂၇)အုပ်စုရှိပြီးအသက်(၈၅)နှစ်အထက်သက်ကြီးဘိုးဘွား(၃၂၃)ဦးတို့အတွက် ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ်အတွက် နိုင်ငံတော်မှထောက်ပံ့သည့် လူမှုရေးပင်စင်တစ်ဦးလျှင် ငွေကျပ်(၃၀၀၀၀)နှုန်းဖြင့် စုစု ပေါင်းထောက်ပံ့ငွေကျပ်(၉၆၉၀၀၀၀)ကျပ်ကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများတို့က လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)