စလင်း ဇွန် ၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ် ယမန်နေ့ နေ့လည် ၂ နာရီ ၁၅ အချိန်က စလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ပတ္တမြား အစည်းအဝေးခန်းမဆောင်တွင် ဧရာဝတီမြစ်ကမ်းပါးနှင့်နီးစပ်သည့် ကျေးရွာအုပ်စု (၃) အုပ်စုမှ အိမ်ထောင်စု (၃၆)စုတို့မှ မိသားစုဝင်များကို ကျေးရွာအုပ်ချုပ်ရေးမှူးများမှတဆင့် မြို့နယ်စီမံအုပ်ချုပ်ရေးမှူးဥက္ကဋ္ဌ ဦးနေလင်းနိုင်နှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာနတို့မှ ထောက်ပံ့ပေးအပ်ခဲ့သည်။
ထိုသို့ပေးအပ်ရာတွင် မေလ ၃၀ ရက် နေ့လည် ၁၂ နာရီအချိန်က ဖြစ်ပွားခဲ့သည့် ရွှေ့ပြောင်းအိမ်ထောင်စု ကျေးရွာအုပ်စုများဖြစ်သည့် သနပ်ကုန်းကျေးရွာအုပ်စု၊ ငွေသောင်ကျေးရွာ၊ သရက်ကုန်းကျေးရွာအုပ်စု သရက်ကုန်းကျေးရွာ၊ ကျောက်ရဲကျွန်း ကျေးရွာအုပ်စု ကျောက်ရဲကျွန်းကျေးရွာများမှ ရွှေ့ပြောင်းမိသားစုဝင်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်၊ စလင်းမြို့နယ်ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ဝင့်သီတာမောင်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုဦးစီးမှူး ဒေါ်သိင်္ဂီအေးတို့မှ အိမ်ထောင်စု (၃၆)အိမ်ထောင်စုတို့မှ လူဦးရေ (၁၃၂)ဦးစာအတွက် ဆန်ရိက္ခာဖိုးတစ်ဦးလျှင် (၂၁၀၀)ကျပ်နှုန်းဖြင့် (၂၇၇၂၀၀)ကျပ်၊ အိမ်တစ်လုံးလျှင် တစ်သိန်းကျပ်နှုန်းဖြင့် အိမ်(၃၆)လုံးစာအတွက် (၃၆၀၀၀၀၀)ကျပ်၊ စုစုပေါင်း (၃၈၇၇၂၀၀)ကျပ်တို့ကို ကျေးရွာအုပ်ချုပ်ရေးမှူးများ မှတဆင့် ပြောင်းရွှေ့မိသားစုဝင်များကို အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
မောင်လွင်(စလင်း)