ပဲခူး ဇွန် ၇
“ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံကြပါစို့” ဟူသည့် ဆောင်ပုဒ်နှင့်အညီ ပဲခူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ (၁၂) နှစ်အတွင်း ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ကို အခြေခံပညာကျောင်းများ၏ သတ်မှတ်စုရပ်နေရာများတွင် ဇွန်လ ၂ ရက်နေ့မှစ၍ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အ.ထ.က (၄၊ ၅၊ ၆၊ ၇) ကျောင်းများတွင် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ယနေ့တွင် ပဲခူးမြို့ရှိ အ.ထ.က(၄)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၃၇၂)ဦး၊ အ.ထ.က.(၅)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၇၀၀)ဦး၊ အ.ထ.က(၆) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၂၁၁)ဦး၊ အ.ထ.က(၇) ကျောင်းသား၊ ကျောင်းသူ(၁၅၇၄)ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၂၈၅၇)ဦး တို့အား ထိုးနှံပေးလျက်ရှိပြီး အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်ဆရာဝန်ကြီး၊ ခရိုင်/မြို့နယ် ပညာရေးမှူးနှင့် တာဝန်ရှိသူများက ကြီးကြပ်မှုဖြင့် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သက်ဖြိုးကြိုင်