သနပ်ပင် ဇွန် ၆
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာက ကျင်းပပြုလုပ်သည့် ၂၀၂၂-၂၀၂၃ ခုနှစ်၊ လုပ်ငန်းရာသီနှစ်အတွက် (ဒုတိယ)အကြိမ် ဂရန်အင်းများ လေလံတင်ရောင်းချခြင်းနှင့် တင်ဒါပိုက်ချက်များ အိတ်ဖွင့်တင်ဒါရောင်းချခြင်း အခမ်းအနားကို ယနေ့၊ နံနက် ၁၀ နာရီက မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနရုံး၌ ကိုဗစ်-၁၉ စည်းကမ်းချက်များ နှင့်အညီ ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းထက်က အမှာစကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီး၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မြင့်နိုင်က အင်းလုပ်ငန်းလုပ်ကိုင်သူများအား လေလံတင်ရောင်းချခြင်းနှင့် ပတ်သက်၍ စည်းကမ်းချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ၂၀၂၂-၂၀၂၃ ခုနှစ်၊ လုပ်ငန်းရာသီနှစ်အတွက် (ဒုတိယ)အကြိမ် ဂရန်အင်းများ လေလံတင် ရောင်းချခြင်းနှင့် တင်ဒါပိုက်ချက်များ အိတ်ဖွင့်တင်ဒါရောင်းချရာတွင် ဂရန်အင်း( ၂)အင်းနှင့် တင်ဒါပိုက်ချက် (၁)ချက် ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
လှမိုး(ပြန်/ဆက်)