တောင်တွင်းကြီးမြို့နယ်တွင် မြစိမ်းရောင်‌စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့်‌‌ ကျေးရွာရန်ပုံငွေ ကြီးကြပ်မှုကော်မတီ ရွေးချယ်ပွဲကျင်းပ

တောင်တွင်းကြီး ဇွန် ၆

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် မိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်နိုင်ရေးအတွက် ရေဦးအုပ်စု၊ ကြီးအောင်းကျေးရွာတွင် ယ‌နေ့နံနက် (၁၀)နာရီက မြစိမ်းရောင်‌ ကျေးရွာစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံ‌ငွေကြီးကြပ်မှုကော်မတီ ရွေးချယ်ပွဲကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးသက်ခိုင်ထွန်း၊ အဖွဲ့ဝင်(၂)ဦးလှသောင်းတို့က အမှာစကားအသီးသီးပြောကြားခဲ့ပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခုတ်မွန်းလျန်က မြစိမ်းရောင်စီမံကိန်းဖြင့် ကျေးလက်နေပြည်သူများ ဆင်းရဲနွမ်းပါးမှု လျော့နည်းကျဆင်းစေရန်နှင့် တစ်ပိုင်တစ်နိုင် မိသားစုဝင်ငွေတိုးပွားစေမည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အရောင်းအဝယ်လုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်နိုင်စေရန် ရည်ရွယ်ပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း၊ စီမံကိန်းချေးငွေများကို လေလွင့်ဆုံးရှုံးမှုမရှိအောင် အကျိုးရှိရှိ စနစ်တကျသုံးစွဲလုပ်ကိုင်ကြရန် လိုအပ်ကြောင်း၊ စီမံကိန်းအတိုးရငွေဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် စီမံကိန်းရန်ပုံငွေစာရင်းဇယားများကို လစဉ်မှန်ကန်စွာ ဖြည့်စွက်ရေးသွင်း၍ စနစ်တကျ ထိန်းသိမ်းထားရှိစေလိုကြောင်း မိတ်ဆက်ရှင်းလင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက တောင်တွင်းကြီးမြို့နယ် ကြီးအောင်းကျေးရွာတွင်‌ ကျေးရွာမြစိမ်းရောင်စီမံကိန်း ရန်ပုံငွေကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးတင်ဝင်း၊ အတွင်း‌ရေးမှူး ဦးညွန့်လှိုင်တို့အပါအဝင် (၇)ဦးတို့အား မဲစနစ်ဖြင့် စနစ်တကျရွေးချယ်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)