ဆိပ်ဖြူမြို့နယ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် လက်ထောက်မူလတန်းပြ ဆရာ/ဆရာမများအား လုပ်ငန်းခွင်အကြို ရက်တိုသင်တန်း ဖွင့်လှစ်သင်ကြားပေး

ဆိပ်ဖြူ ဇွန် ၆

မကွေးတိုင်းဒေသကြီး ဆိပ်ဖြုမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် လက်ထောက်မူလတန်းပြ ဆရာ/ဆရာမများ လုပ်ငန်ခွင်အကြို ရက်တိုသင်တန်းကို ဆိပ်ဖြူ(အ.ထ.က) ကျောင်းတွင် ဇွန်လ၄ရက်‌နေ့မှစ၍ ဖွင့်လှစ်ပို့ချလျက်ရှိကြောင်းသိရသည်။        

အဆိုပါသင်တန်းကို မြို့နယ်ပညာရေးမှူး၏ ကြီးကြပ်မှုဖြင့် အခြေခံပညာကျောင်းများတွင် လစ်လပ်လျက်ရှိသော ဆရာ/ဆရာမနေရာတွင် ဖြည့်ဆည်းခန့်ထားနိုင်ရေးအတွက် လက်ထောက်မူလတန်းပြ ဆရာ/ဆရာမများကို လုပ်ငန်းခွင်အကြို ရက်တိုမွမ်းမံသင်တန်းများ ပို့ချသင်ကြားပေးခြင်းဖြစ်ကြောင်း၊ ၎င်းသင်တန်းသို့ လက်ထောက်မူလတန်းပြ ဆရာ/ဆရာမများ (၁၁၃)ဦး တက်ရောက်ခဲ့ပြီး ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများက နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းပဒေများ၊ ပညာရေးဆိုင်ရာမူဝါဒများ၊ စနစ်သစ်ပညာရေး သင်ရိုးသစ်ဖြင့် ပညာရေးအဆင့်မြှင့်တင်ဆောင်ရွက်မှုအခြေအနေများ၊ ဆရာ/ဆရာမတို့၏ ကျင့်ဝတ်နှင့် လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များနှင့် သင်ကြားမှု သင်ယူမှုဆိုင်ရာများကို ပို့ချသင်ကြားပေးလျက်ရှိကြောင်း သင်တန်းကာလမှာ ဇွန်လ (၄) ရက်နေ့မှ (၁၀) နေ့အထိ ရက်တိုမွမ်းမံသင်တန်း ပို့ချပေးသွားမည်ဖြစ်ကြောင်း၊ လက်ထောက်မူလတန်းပြ ဆရာ/ ဆရာမများ သင်တန်းကာလအတွင်း သင်တန်းချိန်နှင့် သင်တန်းချိန် ပြင်ပတို့တွင် အေးချမ်းစွာနေထိုင်နိုင်ရေးအတွက် မြို့နယ်ပညာရေးမှူးရုံးမှ စီမံဆောင်ရွက်ပေးထားကြောင်းသိရှိရသည်။

စိုးလင်းနိုင်(IPRD)