ညောင်လေးပင်မြို့နယ်တွင် မိုးစပါးကောက်စိုက်စက်ဖြင့်စိုက်ပျိုးရန် ကြိုတင်လုပ်ငန်းများကွင်းဆင်းဆောင်ရွက်

ညောင်လေးပင် ဇွန် ၆

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်း၍ မိုးစပါးကောက်စိုက်စက်ဖြင့် စိုက်ပျိုးရန် ယနေ့နံနက် ၈ နာရီအချိန်က ကြိုတင်လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့နောက် တောင်သူများအား စပါးအထွက်နှုန်းကောင်းမွန်စေဖို့ ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များနှင့် လိုအပ်မည့်စိုက်ပျိုးရေး နည်းပညာအကူအညီများလည်း အတက်နိုင်ဆုံးဆောင်ရွက်ပေးသွားမည့်အပြင် တောင်သူဦးကြီးများဘက်မှ စိုက်ပျိုးရေးနှင့်ပတ်သက်သည့် အကြံပြုချက်များကို ပွင့်လင်းစွာနှင့် အချိန်မရွေးတင်ပြဆွေးနွေးနိုင်ပါကြောင်း ပြောကြားခဲ့သည်။ ယခုနှစ်တွင် ညောင်လေးပင်မြို့နယ်၌ မိုးစပါးကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးမည့်လယ်ဧကပေါင်း(၇၉)ဧကရှိကြောင်း သိရသည်။

မြို့နယ် (ပြန်ဆက်)