မြဝတီမြို့၌ ပြည်သူများအသုံးပြုလျက်ရှိသည့် သောင်ရင်းမြစ်ရေသန့်ရှင်းစေရေး ကွင်းဆင်းကြည်ရှု့စစ်ဆေး

မြဝတီ ဇွန် ၆

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ပြည်သူများ နေစဉ်သောက်သုံးနေသည့် သောင်ရင်းမြစ်ရေ သန်ရှင်းကောင်းမွန်စေရေးနှင့် မြစ် ကမ်းတစ်လျှောက် ပြည်သူများမှနေ့စဉ်စွန့်ပစ်အမှိုက်များ စနစ်တကျစွန့်ပစ်မှုရှိစေရေးတို့အတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက် ၁၁နာရီက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်၍  ဌာနဆိုင်ရာအကြီးအကဲများက ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

စစ်ဆေးဆောင်ရွက်ရာတွင် မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးတင့်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများကပြည်သူများနေ့စဉ်သောက်သုံးနေသော သောင်ရင်းမြစ်ရေအတွင်း စွန့်ပစ်ရေဆိုး၊ရေညစ်များ မဖြစ်ပေါ်စေရေးအတွက် မြစ်ကမ်းတစ်လျှောက်နေ   ပြည်သူများအား အမှိုက်များကိုအမှိုက်သိမ်းယာဉ်ဖြင့် စနစ်တကျစွန့်ပစ်ရေး၊ မိမိတို့နေစဉ်သောက်သုံးနေသည့်သောင်ရင်း မြစ်ရေသည်ဒေသခံပြည်သူများအတွက် အဓိကမြစ်တစ်စင်းဖြစ်၍   ရပ်ကွက်နေပြည်သူများနှင့် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့လုပ်ငန်းမှထွက်ရှိသည့် အမှိုက်များ၊ရေ ဆိုး၊ရေညစ်များ မြစ်အတွင်းသို့  စီးဝင်ရောက်မှုမရှိစေရေး စနစ်တကျစွန့်ပစ်ကြစေရေး ဆွေးနွေးမှာကြားခဲ့သည်။

အလားတူ အပတ်စဉ် စနေ့နေ့ရုံးပတ်ရက်များ၌  မြဝတီမြို့နယ်အတွင်းရှိ  အခြေခံပညာကျောင်းများ၊ တံတားများတို့တွင် ဌာနဆိုင်ရာများ ပူးပေါင်းအင်အားဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)