ဒေးဒရဲ ဇွန် ၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပညာရေးဌာနက ဦးဆောင်ကြီးကြပ်မှုဖြင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူများ သင်ရိုးသစ်ကို ပိုမိုထိရောက်စွာ သင်ကြားနိုင်ရေးနှင့် သင်ကြားနည်းစနစ်များ အရည်အသွေးကောင်းမွန်စေရေး ရည်ရွယ်၍ လုပ်ငန်းခွင်အကြို ရက်တိုသင်တန်းဖွင့်ပွဲကို ဇွန်လ ၄ ရက်နေ့ နံနက်(၉)နာရီက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းရှိ ကရဝိက်ခန်းမတွင် ဖွင့်ပွဲအခမ်းအနားကျင်းပ ပြုလုပ်ခဲ့ သည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဦးလှစိုးက ကောင်းမွန်သော စနစ်သစ်ပညာရေးကို လက်တွေ့ကျကျ အကောင် အထည်ဖော် ဆောင်ရွက်ရာတွင် ဆရာ၊ ဆရာမ အခန်းကဏ္ဍသည် အရေးကြီးပါကြောင်း သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်း နည်းပြများမှ ပို့ချသင်ကြားပေမည့် သက်ဆိုင်ရာ ဘာသာရပ်များအလိုက် သင်ကြားမှုများကို နားလည်သဘောပေါက် တတ်မြောက်စေရေး သင်ကြားကြရရန် လိုအပ်ကြောင်း၊ သို့မှာသာ အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများကို ကောင်းမွန်စွာ သင်ကြားပို့ချနိုင် မည်ဖြစ်သည့်အတွက် ဂရုတစိုက် သင်ကြားကြရန် လိုအပ်ကြောင်း မှာကြားခဲ့ကြောင်း သိရ သည်။ ဒေးဒရဲမြို့နယ်တွင် ဖွင့်လှစ်ပို့ချမည့် သင်တန်းကို ဒုတိယမြို့နယ် ပညာရေးမှူး ဦးကျော်ဦးနှင့် အထက်တန်းကျောင်းအုပ်ကြီး (၆)ဦးက သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် လုပ်ငန်းခွင်တာဝန်ထမ်းဆောင်းမည့် ဆရာ၊ ဆရာမ (၂၇)ဦး တက်ရောက်လေ့လာသင်ယူလျက်ရှိပြီး သင်တန်းကာလမှာ ၂၀၂၂ခုနှစ် ဇွန်လ(၄)ရက်မှ ဇွန်လ(၁၀)ရက်နေ့ထိ ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။
အေဇာလင်း