ဝါးခယ်မ ဇွန် ၆
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ဆရာ၊ ဆရာမများ လုပ်ငန်းခွင်အကြို ရက်တိုးသင်တန်းကို ဇွန်လ ၄ ရက်နေ့တွင် အ.ထ.က(၁) ဒေါ်ပိုက်မိခန်းမတွင် စတင် ဖွင့်လှစ်ခဲ့ပြီး ဝါးခယ်မမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်မှ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သင်တန်းတွင် ဝါးခယ်မမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်မှ သင်တန်းသို့ ပြန်လည်တက်ရောက် လာသည့် ဆရာ၊ ဆရာမများကို အားပေးစကားပြောကြား၍ သင်တန်းဖွင့်လှစ်သင်ကြားရခြင်း၏ ရည်ရွယ်ချက်များ၊ မူလတန်းသင်ရိုးသစ် မိတ်ဆက်ခြင်းအကြောင်းအရာများ၊ ပညာရေးမူဝါဒများ၊ ဝန်ထမ်းကျင့်ဝတ်နှင့် စည်းမျဉ်းစည်းကမ်းများ အစရှိသော လိုအပ်သည်များကို မှာကြားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ လက်ထောက်မူလတန်းပြ ဆရာ၊ ဆရာမများ၏ လုပ်ငန်းခွင်အကြို ရက်တိုးသင်တန်းတွင် သင်တန်းတက်ရောက်လာသူ ဆရာ/ဆရာမ (၇၁)ဦးရှိပြီး ဇွန်လ ၄ ရက်နေ့မှ ၁၀ ရက်နေ့အထိ ရက်သတ္တပတ် သင်တန်း ဖြစ်ပြီး နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ရုံးမှ သိရသည်။
ဟိန်းထက်လင်း