တမူး ဇွန် ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့အမှတ်(၄)အခြေခံပညာမူလတန်းလွန်ကျောင်းတွင် အသက် (၅) နှစ်အထက်ရှိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဇွန်လ(၆)ရက်နေ့ နံနက်( ၉ )နာရီက စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံရာတွင် ကာကွယ်ဆေးမထိုးနှံမှီ ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာခြင်း သွေးပေါင်ချိန်တိုင်းတာခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး ပုံမှန်အနေထားရှိမှသာ ကာကွယ်ဆေးထိုးနှံခြင်းတို့ကို ဆက်လက်ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦဂစီးဌာနမှ ဒေါက်တာ သိန်းနိုင်ဦးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ/ ဆရာမများမှ ကူညီဆောင်ရွက်ပေးခဲ့ပြီး ကျောင်းသား/ကျောင်းသူများအား သက်ဆိုင်ရာအုပ်စုများအလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို မိဘများ၏ သဘောတူညီမှုနှင့် ထိုးနှံပေးလျက်ရှိရာ ဆေးထိုးရန် ကျန်ရှိနေသော ကျောင်းသား၊ ကျောင်းသူများကို သက်ဆိုင်ရာ အုပ်စုများအလိုက် သတ်မှတ်ပြီး ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရတနာ (ပြန်/ဆက်)