ပုလော ဇွန် ၆
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာန၏ စီစဉ်ဆောင်ရွက်မှုဖြင့် ၂၀၂၂ ခုနှစ် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပွဲကို ဇွန် ၅ ရက်နေ့ နံနက် ၈ နာရီက ပုလောမြို့ မြို့မအားကစားကွင်းတွင် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပခဲ့သည်။
စုပေါင်း သစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့် အဖွဲ့ဝင်များက ပျိုးပင်များပေးအပ်ခဲ့ရာ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးတို့က လက်ခံရယူခဲ့ သည်။
ထို့နောက် တက်ရောက်လာကြသူများက မန်ဂျန်ရှား ၁၅၀ ပင် ၊ ပျဉ်းကတိုး ၁၀၀ ပင် ၊စိန်ပန် ၅၀ ပင်၊ စုစုပေါင်း ပျိုးပင် ၃၀၀ ပင်ကို တပျော်တပါးစုပေါင်းစိုက်မျိုးခဲ့ကြကြောင်း သိရသည်။
အေးအေးမော်(ပုလော)