အိမ်မဲမြို့နယ် ကျောက်ဝိုင်းမဟာစည်ရိပ်သာဝန်းအတွင်း၌ ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

အိမ်မဲ ဇွန် ၆

ဇွန်လ()ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြင့် ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက် ၈ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကျောက်ဝိုင်းမဟာစည်ရိပ်သာဝန်းအတွင်း စိုက်ပျိုးခဲ့ကြောင်း သိရသည်။

အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်မှုဖြင့် သစ်တောဦးစီးဌာနမှ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ ဆက်လက်ပြီး သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများက မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသို့ ပျိုးပင်များ ပေးအပ်ခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းဇော်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်ကြက်ခြေနီသူနာပြုအသင်းနှင့် တာဝန်ရှိသူများက မန်ဂျန်ရှား အပင် ၆၀၀ ကို တစ်ပြိုင်တည်း စိုက်ပျိုးခဲ့ကြောင်း သိရသည်။

သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတုညီညွတ်မျှတစေရေး၊ အရိပ်အာဝါသနှင့် မျက်စိပဒါသအကျိုးများရရှိစေရေး၊ ဒေသခံပြည်သူများ သစ်ပင်များစုပေါင်းစိုက်ပျိုးခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အလေ့အကျင့်များ တိုးပွားလာစေရေး စသည့် ရည်ရွယ်ချက်များဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း အိမ်မဲမြို့နယ် သစ်တောဦးစီးဌာနမှ မြို့နယ်တာဝန်ခံ တောခေါင်းဦးအောင်ဇော်ဝင်းပြောကြားချက်အရ သိရသည်။

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)