သာပေါင်း ဇွန် ၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ငါးဘတ်ချောင်းကျေးရွာအုပ်စု၊ ငါးဘတ်ချောင်းကျေးရွာ စိုက်ပျိုးရေးရှေ့တန်းစခန်းရုံးခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန် က မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ တောင်သူများတွေ့ဆုံ၍ (မြေ၊ မျိုး၊ ပိုး) ပြုလုပ်နည်းပညာများ လိုက်နာ၊ ကျင့်သုံး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ဆွေးနွေးပွဲကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်မှ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးဧကပြည့်မီစွာ စိုက်ပျိုးရေး၊ ရိုးပြတ်ကျန်ဧကများ မကျန်ရှိရေး၊ မိုးစပါးရိတ်သိမ်းပြီးပါက ဆောင်းသီးနှံ၊ ပဲမျိုးစုံစိုက်ပျိုးရေး၊ အဓိက ဆီထွက်သီးနှံ နေကြာလျာထားစိုက်ပျိုးရေး၊ နွေစပါးသီးနှံစိုက်ပျိုးရေး၊ စိုက်ဘဏ်ချေးငွေများ ပေးဆပ်ရေး၊ ပေးဆပ်ပြီးပါက ပြန်လည် ထုတ်ချေးနိုင်ရေး၊ ဆက်သွယ်ဆောင်ရွက်ရေးတို့ကို အသေးစိတ် အဖွင့်အမှာစကားပြောကြားပြီး
မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက (မြေ၊ မျိုး၊ ပိုး) ပြုလုပ်နည်းပညာများအား လိုက်နာကျင့်သုံး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးတို့ ကို တောင်သူများနှင့် အသိပညာပေး ဆက်လက်ဆွေးနွေး မှာကြားဆောင်ရွက်ခဲ့ပြီး တောင်သူ များ ဆွေးနွေးတင်ပြချက်များအပေါ် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မျိုးဇော်သိန်း