ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် မြောင်းမြ စိုက်ပျိုးရေးသိပွံကျောင်း၏ ၂၀၂၂ ခုနှစ် စိုက်ပျိုးရေးဒီပလိုမာ (ပထမနှစ်) မောင်မယ်သစ်လွင်ကြိုဆိုပွဲသို့ တက်ရောက်

မြောင်းမြ ဇွန်

ဧရာဝတီတိုင်းဒေသကြီး၊မြောင်းမြခရိုင်၊ မြောင်းမြမြို့ စိုက်ပျိုးရေးသိပ္ပံကျောင်း၏ ၂၀၂၂ ခုနှစ် စိုက်ပျိုးရေးဒီပလိုမာ(ပထမနှစ်) မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီ ၃၀ အချိန်က မြောင်းမြစိုက်ပျိုးရေးသိပွံကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တက်ရောက်အမှာစကားပြောကြားခဲ့သည်။

အဆိုပါ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊  ခရိုင်နှင့် မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်း၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ အခမ်းအနားကို ကျောင်းသား၊ ကျောင်းသူလေးများ၏ "အလှပန်း အစဉ်ဖြာဝေ" ကျောင်းသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့သည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက မောင်မယ်သစ်လွင်များအား ကြိုဆိုနှုတ်ခွန်းဆက်အမှာစကား ပြောကြား ရာတွင် စိုက်ပျိုးရေးသိပ္ပံကျောင်းဆင်းများထဲမှ တချို့သည် လယ်ယာလုပ်ငန်းခွင် အသီးသီးတွင် ဝင်ရောက်လုပ်ကိုင် တာဝန်ထမ်းဆောင်နေသည်ကို တွေ့ရပြီး တချို့လည်း စိုက်ပျိုးရေး မွေးမြူရေးနှင့် သက်ဆိုင်သည့် စီးပွားရေးလုပ်ငန်းများတွင် ဝင်ရောက်ပြီး နိုင်ငံတာဝန်တွေကို တစ်ဖက်တစ်လမ်း ထမ်းဆောင်နေသည်ကို တွေ့ရသည့်အတွက် အင်မတန်မှ ဂုဏ်ယူစရာ ကောင်းကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးရေးကို အခြေခံသည့် တိုင်းဒေသကြီး ဖြစ်သလို၊ နိုင်ငံသည်လည်း စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊  မောင်တို့မယ်တို့အနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးကို ဝါသနာပါလို့ ရွေးချယ်ခဲ့တဲ့ လမ်းကြောင်း က မှန်တယ်လို့ ပြောရမှာ ဖြစ်ကြောင်း၊ နည်းပညာဖြစ်ထွန်း အောင်မြင်တဲ့ နိုင်ငံတွေရဲ့ သင်ရိုး ဇယားတွေကို အခြေခံပြီး သင်ကြားပို့ချနေတာဖြစ်လို့ နည်းပညာပိုင်းတွေက တိုးတက်လာမှာ ဖြစ်ကြောင်း၊ တိုင်းဒေသကြီးတွင် သင်တန်းသား၊ သင်တန်းသူတွေအတွက် လက်တွေ့ ပြုလုပ် စရာ၊ လေ့လာစရာနေရာတွေ အများကြီးရှိကြောင်း၊ တိုင်းဒေသကြီးတွင် တစ်ခုတည်းသော စိုက်ပျိုးရေးသိပ္ပံကျောင်းမှ စိုက်ပျိုးရေးကောလိပ်ဒီကရီ၊ တက္ကသိုလ်ကြီးတွေ ဖြစ်တည် လာပါစေ ကြောင်း အမှာစကားပြောကြားခဲ့သည်။

ဆက်လက်ပြီး မြောင်းမြစိုက်ပျိုးရေးသိပ္ပံကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက ကြိုဆိုနှုတ်ခွန်း ဆက် အမှာစကားပြောကြားသည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်က စိုက်ပျိုးရေးသိပ္ပံကျောင်းသို့ လှူဒါန်းငွေကျပ် ၁၀ သိန်းကို ပေးအပ်ခဲ့ရာ ကျောင်းအုပ် ဆရာမကြီးက လက်ခံရယူခဲ့သည်။ ဆက်လက်ပြီး ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်က ၂၀၁၉−၂၀၂၀ ပညာသင်နှစ်၊ ၂၀၂၂ ခုနှစ် ဒုတိယနှစ်သင်တန်းတွင် ပထမဆုရရှိသူ ကျောင်းသူ နန့်ကေသွယ်မိုးနှင့် ဒုတိယဆုရရှိသူ ကျောင်းသူ မဝင်းလဲ့မိုးတို့ကို  ဆုများချီးမြှင့်ခဲ့သည်။ တတိယဆုရရှိသူ ကျောင်းသူ မမြတ်ကေခိုင်အား တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးကလည်းကောင်း၊ ပူးတွဲ တတိယဆုရရှိသူ မခိုင်မာလွင်ကို ဧရာဝတီတိုင်း ဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူးကလည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့ကြ သည်။

ထို့နောက် မြောင်းမြစိုက်ပျိုးရေးသိပွံကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက သီချင်း များ အကများဖြင့် သီဆိုဖျော်ဖြေဧည့်ခံပြီး မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။

မြောင်းမြခရိုင် ပြန်ဆက်