ရေတာရှည်မြို့နယ်၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် စု​ပေါင်းသစ်ပင် စိုက်ပျိုးပွဲ​ကျင်းပ

ရေတာရှည် ဇွန် ၅

ပဲခူးတိုင်းဒေသကြီး၊ ​တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် သစ်တောဦးစီးဌာနမှ ကမ္ဘာ့ပတ် ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် စုပေါင်းသစ်ပင် စိုက်ပျိုးပွဲကို ယနေ့ နံနက်ပိုင်းက သာဂရ-ကိုးပင် ရိုးမဖြတ်ကျော် ကားလမ်းဘေး (၆)မိုင်ကျေးရွာရှိ ဇေယျာသီရိဘုန်းတော်ကြီး ကျောင်းဝန်းအတွင်း၌ ပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများ တက်​ရောက်ခဲ့ပြီး ကျွန်း၊ ပျဉ်းကတိုး၊ မန်ဂျန်ရှား၊ ပျဉ်းမ စသည့် သစ်ပင်ပျိုးပင်ပေါင်း (၄၀၀) ကို သတ်မှတ်နေရာများတွင် စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

ရေတာရှည်(ပြန်/ဆက်)