​ရွှေဘိုတက္ကသိုလ်၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး​နေ့အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲ ​ကျင်းပ

​​ရွှေဘို ဇွန် ၅

စစ်ကိုင်းတိုင်း​ဒေသကြီး၊ ရွှေဘိုခရိုင်၊ မြို့နယ်သစ်​တောဦးစီးဌာနနှင့်ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်း​ရေးဦးစီးဌာနတို့ ပူး​ပေါင်းကျင်းပသည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်း​ရေး​နေ့ (World Environment Day) အထိမ်းအမှတ်သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၇နာရီခွဲက​ရွှေဘိုတက္ကသိုလ်ကျောင်းဝန်းအတွင်း ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်း​ရေး​နေ့အထိမ်းအမှတ်​ဆောင်ပုဒ်မှာOny One Earth(တစ်ခုတည်း​သောကမ္ဘာ​မြေ)ဖြစ်ပြီး၊ အဆိုပါသစ်ပင်စိုက်ပျိုးပွဲ​တော်သို့​​​ ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးနှင့်အဖွဲ့ဝင်များ၊​ဒုတိယတပ်နယ်မှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ မီးသတ်တပ်ဖွဲ့မှုး၊ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦး​ဇော်မျိူးဝင်းနှင့်အဖွဲ့ဝင်များ၊ ရွှေဘိုတက္ကသိုလ်ဒုပါ​မောက္ခချုပ်​​ဒေါက်တာတင်တင်ရီ၊ပါ​မောက္ခများ၊ကထိကများ၊ သင်တန်း​ရေးရာဌာနမှူးများ၊ ဆရာဆရာမများ​​ကျောင်း သား​ကျောင်းသူများ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ ခရိုင်အမျိုးသမီး​ရေးရာဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ခရိုင်/မြို့နယ်သစ်​တောဦးစီး ဌာန အကြီးအကဲနှင့်ဝန်ထမ်းများ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်း​ရေးဦးစီးဌာန အကြီးအကဲနှင့် ဝန်ထမ်း များတက်​ရောက်ခဲ့​ကြောင်းသိရသည်။

ထို့​နောက်ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးနှင့်အဖွဲ့ဝင်များ၊ခရိုင်အမျိုးသမီး​ရေးရာဥက္ကဋ္ဌ ၊ခရိုင်/မြို့နယ်သစ်​တောဦးစီးဌာနမှုး၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိန်း​ရေး ဦးစီးဌာနမှုးတို့က တက်ရောက်လာသော ဌာနဆိုင်ရာအကြီးအကဲနှင့် ဒုပါ​မောက္ခချုပ်၊​ ဌာနမှူးနှင့်​ကျောင်းသား/သူများ ထံစိုက်ပျိုးမည့်ပျိုးပင်များ ပေးအပ်ခဲ့ပြီး၊ တက်ရောက်လာကြသူများက သတ်မှတ်နေရာအသီးသီးတွင် သစ်ပင်ပျိုးပင်များကို တစ်ပြိုင်နက်စုပေါင်းစိုက်ပျိုးခဲ့ကြပြီး၊ အမှတ်တရစု​ပေါင်းမှတ် တမ်း ဓါတ်ပုံများရိုက်ကူးခဲ့ကြသည်။

အဆိုပါမိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲတွင် နှစ်​ပေအမြင့်ထက် သစ်ပျိုးပင်များဖြစ်သည့် သ​ပြေဘူတ၊စိန်ပန်း၊မယ်ဇယ်၊ စွယ်​တော်၊ ကသစ်၊ ယင်းမာ၊ ဒဟတ်၊ ကံ့​ကော်၊ ခ​ရေ၊ စိန်ပန်းပု၊ စုစု​ပေါင်း(၅၈၀) ပင်စိုက်ပျိုးခဲ့​ကြောင်း၊ စိုက်ပျိုးပြီး သစ်ပင်များကို မီးသတ်ဦးစီးဌာနမှ​ရေများ ဖျန်းပက်​ပေးခဲ့​ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)