ကျုံပျော် ဇွန် ၅
ကမ္ဘာကြီးပူနွေးလာမှုနှင့် ရာသီဥတုပြောင်းလဲမှုများကို ကာကွယ်နိုင်ရန်အတွက် ဇွန်လ ၅ ရက် နေ့တွင် ကျရောက်သော ကမ္ဘာ့သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ (Wold Environment Day) 2022 အထိမ်းအမှတ်အဖြစ် ပြည်သူများထံသို့ ပျိုးပင်များ ဖြန့်ဝေပေးအပ်ခြင်းကို ဧရာဝတီ တိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ ကျုံပျော်ဘိနယ် သစ်တောပျိုးဥယျာဉ်၌ ယနေ့ နံနက်က ပြုလုပ်ခဲ့သည်။
ထိုသို့ဖြန့်ဝေရာတွင် ကျုံပျော်မြို့နယ်၊ သစ်တောဦးစီးဌာနဘိနယ် တာဝန်ခံ ဦးကျော်စိုးနှင့် တာဝန်ရှိသူများက စာသင်ကျောင်းပေါင်း (၂၀)တို့မှ ကျောင်းကော်မတီဝင်များထံသို့ ကျွန်းပျိုးပင်(၈၂၅)ပင်၊ မန်ဂျန်ရှားပျိုးပင်(၈၂၅)ပင်၊ ယူကလစ်ပျိုးပင်(၅၇၅)ပင်နှင့် မဟော်ဂနီ ပျိုးပင်(၆၅၀)ပင်၊ စုစုပေါင်း ပျိုးပင်(၂၈၇၅) ပင်တို့အား အခမဲ့ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြန့်ဝေခဲ့သည့် နှစ်ပေအထက်မြင့်သော ပျိုးပင်များကို သက်ဆိုင်ရာအခြေခံပညာ စာသင်ကျောင်းများတွင် သစ်တောဦးစီးဌာန ဝန်ထမ်းများနှင့် ကျောင်းကော်မတီဝင်တို့ ပူးပေါင်း ၍ ဆက်လက်စိုက်ပျိုးသွားမည်ဖြစ်ပြီး မြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းနိုင်ရေးတို့အတွက် ကျွန်းပျိုးပင်(၇၀၀၀)၊ ပျဉ်းကတိုး ပျိုးပင်(၅၀၀)၊ မန်ဂျန်ရှားပျိုးပင် (၉၀၀၀)၊ ယူကလစ်ပျိုးပင်(၃၀၀၀)၊ မဟော်ဂနီ ပျိုးပင်(၅၀၀)တို့အပြင် အပိုဆောင်း ပျိုးပင်(၂၀၀၀)တို့ကို ပျိုးထောင်ထားရှိပြီး လိုအပ်သည့် ပြည်သူများထံသို့ အခမဲ့ဖြန့်ဝေပေးခြင်းများကိုလည်း ဆောင်ရွက်ပေးလျက်ကြောင်း သိရသည်။
လပြည့်ဦး (ပြန်/ဆက်)