တမူးမြို့တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲပြုလုပ်

တမူး ဇွန် ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အဖြစ် သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက်(၉)နာရီအချိန်က ဗောဓိတောရကျောင်းတိုက်နှင့် တမူး-ဟဲဇင်းကျေးရွာ လမ်းဘေးဝဲယာတို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်အံ့မောင်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်ကြည်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းထွန်းဦးနှင့် ဝန်ထမ်းများ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များ စုစုပေါင်း(၁၅၀)ဦးတို့က ပျဥ်းကတိုး(၃၀၀)၊ ခရေ(၁၀၀)၊ မျောက်ငို(၁၀၀)၊ ကျွန်း(၉၇) စုစုပေါင်း (၅၉၇)ပင်တို့အား စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

ရတနာ