ပခုက္ကူ ဇွန် ၅
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ကွန်ပျူတာတက္ကသိုလ် (ပခုက္ကူ)ကျောင်းဝန်းအတွင်း သဘာဝ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အဖြစ် ယနေ့ နံနက် ၇ နာရီ အချိန်က သစ်ပင်မျိုးစုံ(၂၆၀)ပင် စုပေါင်းစိုက်ပျိုးကြသည်။
အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ပခုက္ကူခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ကြပြီး ကွန်ပျူတာတက္ကသိုလ်(ပခုက္ကူ) ဒုတိယပါမောက္ခချုပ် ဒေါက်တာသိန်းသန်းသွင်၊ တက္ကသိုလ်ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် အတူ မယ်ဇယ်ပင်(၃၀)၊ ခရေပင်(၅၀)၊ ရေတမာပင်(၅၀)၊ ယင်းမာပင်(၃၀)၊ ဆီသပြေ(၃၀)၊ ထိုင်းဝမ်ပန်တာ (၃၀)၊ ပန်းမယ်ဇလီပင် (၃၀)၊ ကျွန်းပင်(၁၀) စသည့် သစ်ပင်မျိုးစုံ(၂၆၀)ပင်တို့ကို စုပေါင်းစိုက်ပျိုးကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)