ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ကိုယ်ဝန်ဆောင်မိခင်နှင့်၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်

ရှမ်းရွာသစ်    စက်တင်ဘာ၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ မိခင်နှင့်ကလေးသူငယ်များ အာဟာရဆိုင်ရာရလဒ် များ ပိုမိုကောင်းမွန်စေရန်၊ ကလေးသူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအား ဖြစ်စေမည့် ဝန်ဆောင်မှုများအား  မိသားစုများရရှိစေရေးအထောက်အကူဖြစ်စေရန် ရည်ရွယ်ပြီး ယမန်နေ့မွန်းလွဲပိုင်းတွင် ကိုယ်ဝန်ဆောင်မိခင် များနှင့်အသက်(၂) နှစ်အောက်ကလေးငယ်များအား တတိယအကြိမ်နှင့် စတုတ္ထအကြိမ် ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်ခြင်းကို မဲလရောကျေးရွာတွင် ဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးက အဆိုပါထောက်ပံ့ငွေများပေးအပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီးနောက်  ၂၀၂၀ ပြည့်နှစ်၊ ဧပြီလမှ ဇွန်လအအထိ မဲလရောကျေးရွာအုပ်စုရှိ  တတိယအကြိမ် အကျိုးခံစားမည့်သူ ကိုယ်ဝန်ဆောင်မိခင် နှင့်၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်စုစုပေါင်း(၁၀၆)ဦး၊  ဇူလိုင်လမှ စက်တင်ဘာအထိ စတုတ္ထအကြိမ် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက်ကလေးစုစုပေါင်း(၁၁၄)ဦး တို့အတွက် တစ်လလျှင် ကျပ်(၁၅၀၀၀/)နှုန်းဖြင့် (၆)လစာကို  လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ဇင်လေး(ပြန်/ဆက်)