နတ်မောက် စက်တင်ဘာ ၆
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၌၂၀၂၀ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေ ထွေရွေး ကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေး နိုင်ရေးအတွက် မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်ရန် အထူးရဲ (၂၈၁) ဦး ခန့်အပ်သွားမည်ဖြစ် ကြောင်း သိရသည်။
“နတ်မောက်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) နဲ့ အမှတ် (၂) တို့ မှာလျာထားမဲရုံ (၂၈၁) ရုံရှိ ပြီး မဲရုံလုံခြုံရေးအတွက်အထူးရဲ (၂၈၁) ဦးကို ခန့်အပ်သွားမှာပါ၊ အထူးရဲတွေအနေနဲ့ သက်ဆိုင် ရာရပ်ကွက်/ ကျေးရွာကော်မရှင်ခွဲ၊ အဖွဲ့ဝင်တွေနဲ့ ပူးပေါင်းပြီး ပြည်သူများ လုံခြုံစိတ်ချစွာမဲပေး နိုင်ရေးအတွက်မဲရုံ လုံခြုံရေး တာဝန်ယူဆောင်ရွက်ရန် ဖြစ်ပြီး နယ်မြေခံရဲတပ်ဖွဲ့အနေနဲ့ကတော့ ရွေးကောက်ပွဲကာလမှာ မဲဆန္ဒရှင်တွေ မဲမပေးနိုင်အောင် နှောက်ယှက်ဟန့်တားမှုများ မဖြစ်ပေါ်စေရေး၊ မဲရုံပရဝုဏ်နဲ့ ကိုက်(၅၀၀) အတွင်း အသံချဲစက်များ ဆူညံစွာ ဖွင့်လှစ်မှုမရှိစေ ရေး၊ မူးယစ်သောက်စားရမ်းကားမှုများ မဖြစ်ပေါ်စေရေးအတွက် လှည့်ကင်း၊ ရပ်ကင်းများဖြင့် လုံခြုံရေးဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်ဟု” မြို့မရဲတပ်ဖွဲ့မှူးရဲမှူးထံမှ သိရသည်။
အဆိုပါ အထူးရဲများကို ၂၀၂၀ ပြည်နှစ်အောက်တိုဘာ ၁ ရက်နေ့မှ၂၀၂၀ ပြည်နှစ် နိုဝင်ဘာ ၁၅ ရက်နေ့အထိ ရက်ပေါင်း (၄၆) ရက်ခန့်အပ် တာဝန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လှဝင်း (နတ်မောက်)