ပြည်မြို့လူထုအခြေပြုဗဟိုဌာန၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် (ဆုံစည်းရာ) စာဖတ်ဝိုင်း (Book Club) အဖွဲ့တို့ပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်

ပြည် ဇွန် ၄

ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်မြို့(ဆုံစည်းရာ) စာဖတ်ဝိုင်း (Book Club) အဖွဲ့တို့ ပူးပေါင်း၍  ခရိုင်ပြန်/ဆက်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ရွှေဝါဖူးက လူထုအခြေပြုဗဟိုဌာန Community Centre ၌ ဆုံစည်းရာစာဖတ်ဝိုင်းအဖွဲ့၏ သုတ/ရသ စာပေရေးရာဆိုင်ရာများ နှီးနှောဖလှယ် ဆွေးနွေးသည့် လစဉ်စာဖတ်ဝိုင်းပြုလုပ်ခြင်းအပြင် စာပေရေးသားနည်း၊ ကဗျာရေးသားနည်း သင်တန်းအပါအဝင် အင်္ဂလိပ်စာသင်တန်း၊ ပန်းချီသင်တန်းများဖွင့်လှစ်၍ ဒေသတွင်း လူငယ်ဖွံ့ဖြိုးတိုးတက်‌‌ရေး လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒပြု ဆွေးနွေး ပြောကြားသည်။

ထို့နောက် တက်ရောက်လာသော ဆုံစည်းရာစာဖတ်ဝိုင်းအဖွဲ့မှ   စာရေးဆရာ/ကဗျာ ဆရာများနှင့် စာပေဝါသနာရှင်များက ၎င်းတို့ဖတ်မှတ်ခဲ့သော ကြိုက်နှစ်သက်ရာ သုတ/ရသ စာပေအကြောင်းအရာများကို အပြန်အလှန်နှီးနှောဖလှယ် ဖတ်ကြားဆွေးနွေးခဲ့ကြပြီး ဆုံစည်းရာ စာဖတ်ဝိုင်းအဖွဲ့သည်  ခရိုင်ပြန်/ဆက်ရုံး လူထုအခြေပြုဗဟိုဌာန၌ လစဉ် ပထမပတ် (စနေနေ့တိုင်း) သုတ/ရသ စာပေရေးရာများ ဆွေးနွေးသည့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)