မော်လမြိုင်ကျွန်းမြို့နယ်တွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဇီဝလုံခြုံမှုသင်တန်းဖွင့်လှစ်

မော်လမြိုင်ကျွန်း ဇွန် ၄

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ  ကူးစက်ရောဂါများ ဖြစ်ပွားမှုမရှိစေရန်နှင့် တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်‌ရေးတွင် အရေးကြီးဆုံးဖြစ်သည့် ဇီဝလုံခြုံမှုသင်တန်းအား ဇွန်လ ၃ ရက်နေ့မှ ၄ ရက်နေ့အထိ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပသည်။

အဆိုပါသင်တန်းတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဖြူဖြူဝင်းက မြို့နယ်အတွင်းရှိ နို့စားနွား၊ ဝက်၊ ကြက်၊ ဘဲ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများ၏ တိရစ္ဆာန်များတွင် ကူးစက်ရောဂါများမဖြစ်ပွားစေရန်နှင့် ကြီးထွားနှုန်း၊ ထုတ်လုပ်မှုနှုန်းများ ကောင်းမွန်စေရန် လိုက်နာရမည့်အချက်များ သင်တန်း‌ပေးခြင်း၊ မွေးမြူသူများအား ခြံသုံးဆေး၊ တိရစ္ဆာန်အားဆေးထုတ်များ၊ နေဗီယာမြက်များ ဖြန့်ဝေပေးခဲ့ပြီး PC7 ခြံမှတ်ပုံတင်ဆောင်ရွက်ခြင်း၏ အကျိုးကျေးဇူးများ၊ ခြံမှတ်ပုံတင် ဆောင်ရွက်ရန် နည်းလမ်းများနှင့် PC3 တိရစ္ဆာန်ဖြတ်သန်းသွားလာခွင့်အတွက် ကျန်းမာရေးစစ်ဆေးခြင်း ကိစ္စများအကြောင်း ရှင်းလင်းပို့ချခဲ့ကြောင်း သိရသည်။

အောင်အောင်