ကံမမြို့နယ်တွင် အသစ်ခန့်ထားမည့် လက်ထောက်မူလတန်းပြ ဆရာ၊ ဆရာမများ ရက်တိုမွန်းမံသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

ကံမ   ဇွန်  ၄

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် ကံမမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အသစ်ခန့်ထားမည့် လက်ထောက်မူလတန်းပြ ဆရာ၊ ဆရာမများ ရက်တိုမွန်းမံသင်တန်း ဖွင့်ပွဲအခမ်းအနားကို အ.ထ.က(ကံမ) မြ၀တီခန်းမ၌ ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ မြို့နယ်ပညာရေးမှူးနှင့် သင်တန်းနည်းပြများ၊ သင်တန်းသား ဆရာ ဆရာများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်ကိုထွန်းက အဖွင့်အမှာစကားပြောကြားပြီးနောက်     မြို့နယ်ပညာရေးမှူး ဦးရဲလွင်အောင်နှင့်     သင်တန်းကြီးကြပ် နည်းပြများက သင်တန်းနှင့် ပတ်သက်သည့် ရည်ရွယ်ချက် လုပ်ငန်းဆောင်တာများ၊ လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များနှင့် ပတ်သက်၍ ရှင်းလင်းမှာကြား ပြောကြားခဲ့ကြသည်။

အဆိုပါသင်တန်းအား ဆရာ၊ ဆရာမများအနေဖြင့် ပညာရေးစနစ် အရည်အသွေးမြှင့်တင်နေသည့်အချိန်၌       မှန်ကန်သောတန်ဖိုးထားမှု    ၊    ကျွမ်းကျင်မှု၊   ထိရောက်သော လက်တွေ့ ဆောင်ရွက်မှုနှင့် သင်ကြားရေးအပိုင်း၌ အထောက်အကူဖြစ်စေရန် ရည်ရွယ်၍    ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း သင်တန်းကို  နည်းပြဆရာ၊ ဆရာမ (၁၁) ဦးတို့မှ     သင်တန်းသား ဆရာ၊ ဆရာမ (၆၁) ဦးတို့အား   သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ  ( ၆ )ရက်  ကြာမြင့်မည်ဖြစ်ကြောင်း  မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။ 

ကျော်ဇေယျဝင်း (ကံမ)