အိမ်မဲ ဇွန် ၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ဇွန်လ ၅ ရက်နေ့၌ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေး Talk Show ကို ယနေ့နံနက် ၁၀ နာရီတွင်ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကိုပြောကြားခဲ့သည်။
ဆက်လက်ပြီးအိမ်မဲမြို့နယ် သစ်တောဦးစီးဌာနမှ မြို့နယ်တာဝန်ခံတောခေါင်းဦးအောင်ဇော်ဝင်းက ၂၀၂၂ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ဆောင်ပုဒ်၏ ရည်ရွယ်ချက်၊ တိုက်တွန်းချက်အကြောင်း၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဖြစ်ပေါ်လာပုံအကြောင်းတို့ကို အကျယ်တဝင့်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
အိမ်မဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် အသိပညာပေး Talk Show များ၊ စာဖတ်ဝိုင်းများ၊ အသိပညာပေးနံရံကပ်စာစောင်ပြပွဲများ၊ စာအုပ် စာစောင်ပြပွဲများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ)