မင်းလှ၌ သင်ကြာ‌ရေးလုပ်ငန်းခွင်ဝင်‌ရောက်မည့် ဆရာ၊ ဆရာမများအား အကြိုရက်တိုသင်တန်း ဖွင့်လှစ်ပို့ချ

မင်းလှ ဇွန် ၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင်၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် သင်ကြားရေးလုပ်ငန်းခွင်ဝင်‌ရောက်မည့် ဆရာ၊ ဆရာမများအား အကြို ရက်တိုသင်တန်း ဖွင့်လှစ်ပို့ချခြင်းကို အ.ထ.က မင်းလှ (မြို့ပြင်)ကျောင်းတွင် ယနေ့နံနက် ၉ နာရီချိန်က စတင်ဆောင်ရွက်ခဲ့သည်။

အကြိုရက်တိုသင်တန်းတွင် နည်းပြအဖြစ် ဒုတိယမြို့နယ်ပညာရေးမှူး ဒေါ်ခင်သန္တာမိုးနှင့် (ထက်၊လယ်၊မှု) ဝါရင့်ဆရာဆရာမများက သင်ကြားရေးလုပ်ငန်းခွင် ဝင်ရောက်မည့် လက်ထောက်(မှုပြ)ဆရာဆရာမ (၃၃) ဦးအား နိုင်ငံဝန်ထမ်းဥပဒေ၊ နည်းဥဒေ၊ ဝန်ထမ်း ကျင့်ဝတ်၊ မူလတန်းဆင့်‌ ဆရာလမ်းညွှန်စာအုပ်များနှင့် စသည့် ဘာသာရပ်များကို (၇) ရက်ကြာ နံနက်(၉) နာရီမှ ညနေ(၄) နာရီချိန် သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ပေါက်စ( မင်းလှ)