လပွတ္တာ ဇွန် ၄
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာကြည့်တိုက်ခန်းမတွင် ပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းကို ဇွန်လ ၃ ရက်နေ့မှ ၁၂ရက်နေ့အထိ ပြသထားရှိမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်တွင် ကလေးအလုပ်သမားပပျောက်ရေး ဆောင်ပုဒ်များ၊ ကဗျာများ၊ အသိပညာပေးပုံများ၊ ကလေးအလုပ်သမားများအပေါ် ခေါင်းပုံဖြတ်သူများ၏ ခံစားရမည့်ပြစ်မှု၊ ပြစ်ဒဏ်များ အစရှိသည့် အသိပညာတိုးပွားစေမည့် သိကောင်းစရာများ ပါဝင်ပြီး ကျောင်းသား၊ ကျောင်းသူ များနှင့် မိဘများကစိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြကြောင်း သိရသည်။
ဆက်လက်ပြီး ဗဟုသုတရရှိစေမည့် နံရံကပ်စာစောင်ပြပွဲ၊ ဓာတ်ပုံပြပွဲများကိုလည်း အထိမ်းအမှတ်နေ့များ အပါအဝင် ကျောင်းသားလူငယ်များ သိသင့်သိထိုက်သည့် အကြောင်းအရာများကို စဉ်ဆက်မပြတ် ပြသဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
လပွတ္တာ ခရိုင်(ပြန်ဆက်)