အောင်ပန်းဒေသမှထွက်ရှိလာသည့် အာလူးများစျေးကောင်းပုံမှန်ရရှိနေ

မြို့သစ် ဇွန် ၄

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် စည်ပင်သာယာစျေးအတွင်းသို့ ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းဒေသမှ ထွက်ရှိလာသည့် အာလူးများ ပုံမှန်စျေးကောင်းရရှိနေကြောင်း သိရသည်။

အဆိုပါအောင်ပန်းဒေသထွက် အာလူးများသည် လက်ရှိိမြို့သစ်မြို့စည်ပင်သာယာ​စျေးအတွင်းသို့ တစ်ရက်ခြောက်ဘီးကား နှစ်စီးဖြင့်သုံးရက်တစ်ခါရောက်ရှိပြီး စျေးနှုန်းမှာလည်း ယခင်ရက်များထက် စျေးကောင်းရရှိနေကြောင်း၊ လက်ရှိတွင် အာလူးတစ်ပိဿလျှင် (၂၅၀၀)ကျပ် စျေးဝန်ကျင်ရရှိကြောင်း သိရသည်။

လက်ရှိမှာအာလူးက အောင်ပန်းဒေသကဘဲထွက်ရှိပြီး ဝင်ရောက်လာတာပါကျန်တဲ့ ဒေသက အာလူးတွေက စျေးကွက်အတွင်းဝင်ရောက်လာတာ နည်းနေလို့၊ မနှစ်ကအာလူးစျေး မကောင်းဘူး၊ အရှုံးပေါ်တာကြောင့် တောင်သူတွေ ဒီနှစ်မစိုက်တော့ဘူး၊ အာလူးစိုက်ဧကတွေ ထက်ဝက်ခန့်လျှော့သွားတယ်၊ ဒါ့ကြောင့်အာလူးစျေးကောင်းရရှိနေတာဟု ကုန်သည်တစ်ဦးက ပြောသည်။

အဆိုပါအောင်ပန်းဒေသထွက် အာလူးများသည် လက်ရှိတွင် မြို့သစ်မြို့စည်ပင်သာယာ စျေးကွက်သို့သုံးရက်တစ်ကြိမ် ဝင်ရောက်လျက်ရှိပြီး အာလူးစျေးကွက်မှာလည်း စျေးကောင်းပုံမှန် ရရှိကြောင်းသိရသည်။

သန်းဝင်းထွန်း