မြင်းမူ ဇွန် ၄
စာဖတ်သူတိုးပွားရေးနှင့် စာဖတ်ရှုသူအချင်းချင်း တွေ့ဆုံကာ စာပေအသိခြင်းဖလှယ်ရန်အတွက် စုပေါင်းစာဖတ်ဝိုင်းနှင့်စာအုပ်ပြပွဲကို စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ ပြည်သူ့စာကြည်တိုက်တွင် ယမန်နေ့ နံနက်ပိုင်းကပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဒုတိယဦးစီးမှူးဒေါ်မြင့်မြင့်မိုးက စာဖတ်ဝိုင်းများနှင့်(talk show)များပြုလုပ် ပေးနေရခြင်းများနေ့ ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက်စာပေဝါသနာရှင် များဖြစ်ကြသည့် ဒေါ်ဝင်းလဲ့ရည်မွန်နှင့် ဦးဇော်ဝင်းတို့က စာရေးဆရာ ညီညီနိုင်ရေးသားသည့် “ယခုပဲ ပစ္စုပ္ပန်မှာနေလိုက်ပါ စာအုပ်အား ဖတ်ကြားပြီး စာအုပ်တွင် ရေးသားတင်ပြထားသည့် စာရေးသူက တင်ဆက်ရေးသားပေးမှုအပေါ် မိမိတို့ရရှိသည့် စာပေအကြောင်းအရာများအား ဖတ်ကြားတင်ပြရာ စာပေဝါသနာရှင်များက ပြန်လည်ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် စာကြည့်တိုက်အတွင်း ခင်းကျင်းပြသထားသည့် စာအုပ်/စာစောင်(၈၀)ကျော်အား စာပေအမြည်းအဖြစ် ဖတ်ရှုလေ့လာခဲ့ကြသည်။
အောင်စိုးဖေ (မြင်းမူ)